Zen ဘာသာမှာ ဒီလို ပုံတိုပတ်စ လေးတွေကို Koan လို့ခေါ်ကြတယ်။ ဟိုတစ်နေ့က ဒေါက်တာသင်းသင်းရဲ့ ဇင်စာအုပ်လေးကို ဆရာတစ်ယောက်က လက်ဆောင်ပေးလို့ ကျွန်တော် ဖတ်မိပြီး အဲဒီလို ကို့အာန် လေးတွေ ကို သဘောကျမိတာနဲ့ လိုက်ရှာဖတ်ဖြစ်ပါတယ်။ အောက်ကဟာတွေကတော့ ashidakim က ကျွန်တော် နှစ်သက်တဲ့ တချို့ကို ဘာသာပြန်ထားတာပါ။
ရေနွေးခွက်
တစ်ခါတုန်းက ဂျပန်နိုင်ငံရဲ့ မီဂျီခေတ်မှာ နန်အင်း လို့ခေါ်တဲ့ ဇင်ပညာရှိကြီးတစ်ဦး ရှိတယ်။ တစ်နေ့တော့ သူ့ဆီကို တကဿကသိုလ် ပါမောကဿခကြီးတစ်ယောက်က ဇင်အကြောင်း မေးဖို့ ရောက်လာပါသတဲ့။ နန်အင်းဟာ ပါမောကဿခကြီးကို ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ သူဟာ ရေနွေးခွက်ထဲကို ရေနွေးထည့်နေ လိုက်တာ လျှံကျနေတာတောင် မရပ်သေးဘဲ ဆက်ထည့်နေတယ်တဲ့။ ဒါကို ပါမောကဿခကြီး မြင်တော့ ရေနွေးတွေခွက်နဲ့အပြည့် ဖြစ်နေပြီ၊ ထပ်လောင်းထည့်လို့ ဘယ်လို ရတော့မလဲ လို့ ပြောလိုက်သတဲ့။ အဲဒီအခါကျမှ နန်အင်းက ပါမောကဿခကြီးလည်း ဒီရေနွေးခွက်လိုပါပဲတဲ့။ ကိုယ့်အယူအဆ ကိုယ့်အမြင်တွေ သက်သက်နဲ့ အပြည့်ဖြစ်နေလေတော့ ဒါတွေကိုမှ အရင် ထုတ်ပယ်မထားရင် ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ် ဇင်အကြောင်းကို ပြောပြရမလဲလို့ ပြန်ပြောလိုက်တော့တယ်။
နာခံခြင်း
ဇင်ပညာရှိကြီး ဘန်ခိရဲ့ ဟောပြောပွဲတိုင်းကို သူ့ရဲ့ တပည့်တွေသာမက၊ အခြား အယုတ် အလတ် အမြတ် မရွေး လာရောက် နားထောင်ကြပါသတဲ့။ သူဟာ ဘယ်တော့မှ ခက်ခဲတဲ့ ကျမ်းစာတွေကို ကိုးကားပြီး ဟောပြောခြင်း မပြုပါဘူး။ သူပြောသမျှဟာ သူ့နှလုံးသားထဲကနေ တိုက်ရိုက်လာပြီး နားထောင်သူတွေရဲ့ နှလုံးသားကို တိုက်ရိုက် စီးကူးစေတာမျိုးပါ။ တစ်ရက်ကျတော့ သူ့ဆီကို နိချိရန် ဘုန်းတော်ကြီးတစ်ပါး ရောက်လာပြီး စကားစစ်ထိုးဖို့ ပြုပါသတဲ့။ ဒီမယ် ဇင်ဆရာကြီး ခင်ဗျားကို သိပ်ကြိုက်နေတဲ့ လူတွေကတော့ ခင်ဗျားပြောသမျှ နားထောင်ပြီး လိုက်လုပ်ကြတာပေါ့လေ၊ ဒါပေမယ့် ကျွန်တော့်လို လူမျိုးကတော့ ခင်ဗျား ပြောသမျှ လက်ခံလိမ့်မယ် မဟုတ်ဘူး။ ဒီတော့ ခင်ဗျား ကျွန်တော့်ကို ခင်ဗျားစကား နားထောင်လာအောင် လုပ်နိုင်ပါ့မလားလို့ စိန်ခေါ်လိုက်တယ်။ အဲဒီအခါ ဘန်ခိက ဟုတ်ပါပြီ ခင်ဗျား ကျွန်တော့်အနား လာခဲ့ပါ ကျွန်တော် ပြောပြပါမယ်လို့ ပြန်ဖြေသတဲ့။ ဒါနဲ့ အဲဒီဘုန်းတော်ကြီးလည်း လူရှေ့တိုးထွက်ပြီး ဘန်ခိအနားကို သွားလိုက်သတဲ့။ ဘန်ခိက ပြုံးပြီး ကျွန်တော့်ရဲ့ ဘယ်ဘက်ကို လာပါလို့ ဆိုတော့ သူလည်း ဘယ်ဘက်ကို သွားလိုက်တယ်။ ပြီးတော့မှ မဟုတ်သေးဘူး ခင်ဗျား ညာဘက်ကိုသာ လာရင် ကျွန်တော်တို့ ပိုစကားပြောလို့ ကောင်းမှာပဲလို့ ပြောပြန်တော့ ညာဘက်ကို ပြောင်းလိုက်သတဲ့။ အဲဒီတော့မှ ဘန်ခိက ကဲ ခင်ဗျား မြင်ပြီ မဟုတ်လား၊ ခင်ဗျား အခုပဲ ကျွန်တော့်စကား နားထောင်နေပြီလေ။ တကယ်တော့ ခင်ဗျားဟာ သိပ်ပြီး ကြင်နာတတ်တဲ့ လူပါပဲ။ အခုတော့ ထိုင်ပြီးသာ ကျွန်တော်ပြောသမျှ နားထောင်ပါတော့လို့ ဆိုလိုက်သတဲ့။
သတိပေးချက်
ဆရာတော်တန်ဇန်းဟာ သူကွယ်လွန်ခါနီးကျတော့ ပိုစ့်ကဒ်ခြောက်ဆယ်မှာ စာရေးပြီး တပည့်တွေကို ပို့စေပါသတဲ့။ ပြီးတော့မှ သူကွယ်လွန်သွားခဲ့တယ်။ စာထဲမှာ ရေးထားတာလေးကတော့
ငါဟာ ဒီလောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီ။
ဒါဟာ ငါ့ရဲ့ နောက်ဆုံးသော သတိပေးချက်ပါပဲ။
တန်ဇန်း
ဇူလိုင် ၂၇၊ ၁၈၉၂

No comments:
Post a Comment