ဝီရိယကိုမှီ၍ အသက်ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကိုမှီ၍အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမှီ၍ အသက် ရှင်ရသူ၊ နှစ်ခုလုံးကိုမမှီဘဲ အသက်ရှင်ရသူဟု ပုဂ္ဂိုလ်လေးမျိုးရှိကြောင်းဘုရားရှင် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။
အထက်ပါသုတ္တန်ကို ကြည့်ကသာမန်လူအများစုက လက်လှုပ်မှ ပါးစပ်လုပ်ဆိုသည့်အတိုင်း ပါးစပ်လုပ်နိုင် ဖို့အတွက် လက်ကအမြဲလှုပ်နေရသောသဘောရှိပါသည်။ ဒါကိုထောက်ကဘ၀ဆိုတာ ရုံးကန်လှုပ်ရှားခြင်း ဟူသောအဆိုက မှန်ကန်ပေသည်. သာမန်လူအများစုမှာဝီရိယမရှိ၍မရ၊ ၀ီရိယမစိုက်၍မရ ၊မရုန်း၍မရ မလှုပ်ရှား၍မရ၊ မကြိုးစား၍မရ၊ သူ့အရွှယ်နဲ့သူ ၀ီရိယစိုက်ထုတ်ကာရုန်းကန်နေရ၊ လှုပ်ရှားနေရ၊ ကြိုးစားနေရ သည်သာ၊ မိမိတို့ဘ၀အနေအထားကိုက ၀ီရိယကိုမှီ၍အသက်ရှင်နေရသည်မဟုတ်ပါလား။
လူ၏တန်ဖိုးကား အလုပ်သာဖြစ်သည်၊ လူ၏အရည်အသွေးကိုတောက်ပြောင်စေသည်ကား အလုပ်သာ ဖြစ်သည် လူ၏အရည်အသေးကိုတောင်ပြောင်စေသည်ကား အလုပ်သာဖြစ်သည်၊ လူ၏တန်ဖိုးကို မြင့်တင် ပေးနိုင်သည်ကား အလုပ်သာဖြစ်သည်၊ အလုပ်လုပ်သူတို့ ကြီးပွားကြသည်၊ အလုပ်လုပ်သူတို့ အထက် ရောက်ကြသည်။ ထိပ်မှာရောက်နေသူအများစုကိုကြည့်လျှင် အလုပ်ကြိုးစားသူတို့သာဖြစ်သည်ကို တွေ့ရပါ မည်။ ကိုယ်တက်ထားသည့် အတက်ပညာပေါ်မှုတည်၍ လုပ်ငန်းခွင်ကိုဝင်ကြရသည်၊ အသက်ရှိသူတိုင်း အသက်မွေးဖို့၊၀မ်းရှိသူတိုင်းဝမ်းကျောင်းဖို့အလုပ်တစ်ခုခု ကတော့လုပ်နေကြရသည်၊ တစ်ချို့ကတစ်ကိုယ်ရေ တစ်ကာယအတွက်၊ တချို့ကမိသားစုအတွက်၊ တစ်ချို့ကမိသားစုအတွက်၊ တစ်ချို့ကမြို့ရွာအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဘာသာသာသနာအတွက် ကိုယ်နီးစပ်ရာ၊ကိုယ်သန်ရာ လုပ်နေကြရသည်။
ထိုကဲ့သို့အလုပ်လုပ်ရာတွင် အလုပ်ဖြစ်ခြင်းနှင့်အဖြစ်လုပ်ခြင်းဟုနှစ်မျိုးတွေ့ရသည်၊ အလုပ်ဖြစ်ခြင်းဟူသည် စံချိန်စံညွှန်းမီခြင်း၊ မမှီသော်မှ လက်ခံနိုင်လောက်သည့်အနေအထား၊ တူတူတန်တန်ဖြစ်ခြင်းဖြစ်သည်၊ အဖြစ်လုပ်ခြင်းဟူသည် မည်ကာမတ္တအဖြစ်မျှသာလုပ်ခြင်းဖြစ်သည်၊ တစ်ချို့လည်းအလုပ်ဖြစ်ကြသည်၊ တစ်ချို့ လည်းအလုပ်မဖြစ်ကြ၊ တစ်ချို့အလုပ်မဖြစ် သဖြင့်အဖြစ်လုပ်နေကြရသည်။ အလုပ်မဖြစ်မှန်းသိပါလျက် ပေတေစွာလုပ်နေသောအခါပို၍ပင်အလုပ်မဖြစ်ဘဲရှိတော့သည်။အဖြစ်လုပ်သူတွေပို၍များများလာသည်၊တစ်ချို့ကိုယ်ကိုယ်ကိုယ်“
အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား”ဟုပင်စဉ်းစားမည့်ပုံမပေါ်၊ လုပ်မြဲတိုင်းသာ ပေ၍သာလုပ်နေကြသည်။
လူဟူသည်လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်၊ လုပ်တက်ကိုင်တက်ရှိရမည်၊အလုပ်လုပ်နေရမည်
အလုပ်ပေါ်စေတနာထက်သန်ရမည့်၊ အလုပ်နှင့်ဆက်စပ်ပြီး လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေဖြစ်ပေါ်လာပေမည်၊ ရပိုင်ခွင့်ဟူသည် ခံစားခွင့်ပင်စြဖ်သည်။ ထိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်တို့သည် မိမိတို့၏ လုပ်တက် ကိုင်တက်ဟူသော အရည်အသွးပေါ်၌သာတည်ရမည်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ခံစားခွင့်တို့ကတို့က အကျိုးဖြစ် သည်၊ လုပ်တက်ကိုင်တက်ဟူသော အရည်အသွေးကအကြောင်းဖြစ်သည်၊ အကျိုးသည်အကြောင်းပေါ်၍သာ မှီတည်သည် “အကြောင်းရှိမှ အကျိုးဖြစ်မည်”.။အကြောင်းကောင်းကောင်းတည်ဆောက်ပြီးမှသာ အကျိုး ကောင်းကောင်းမျှော်လင့်ရမည်၊ လက်ခံ၇မည်ဖြစ်သည်။
မေတ္တသုတ်နိဒါန်း၌ သကော- စွမ်းနိုင်သူသည်၊အဿ-ဖြစ်ရမည်ဟုဆိုသည်။ ကိုယ်လုပ်သည့်အလုပ်ကို စွမ်းရမည်၊ ကျွမ်းရမည်။စွမ်းဆောင်ဟုဆိုသဖြင့် စွမ်းမှသာဆောင်နိုင်လိမ့်မည်၊ ကျွမ်းကျင်မှလိမ္မာဟူသော အဆိုရှိ၏ ကိုယ်လုပ်တဲ့အလုပ်ကိုကျွမ်းကျင်မှသာ လိမ္မာသူဖြစ်လိမ့်မည်၊ လိမ္မာရာရောက်လိမ့်မည် အသိ အမှတ်ပြုခြင်းခံရပေမည်။

No comments:
Post a Comment