အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ Premier League cup
၁၈ကြိမ်မြောက် ကစားပွဲတစ်ခုမှာ Everton နဲ့ West Ham အသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ ပြိုင်ပွဲ နောက်ဆုံးတစ်မိနစ် ကျန်တဲ့အချိန်အထိ
အသင်းနှစ်သင်းလုံးက ၁း၁ နဲ့ သရေပွဲဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာ Everton ဂိုးသမား Paul Gerrard ရဲ့ ဒူးခေါင်း မတော်တဆ
ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်။ နာကျင်လွန်းလို့ Paul ဟာ
ဒူးခေါင်းကိုပိုက်ပြီး မြေပြင်ပေါ်မှာ လူးလွန်းနေခဲ့တယ်။
သူဖမ်းမမိလိုက်တဲ့ ဘောလုံးက တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်ဖက်အသင်းက
ဘောလုံးသမား Paolo Di Canio ရှေ့သွားကျတယ်။
အဲဒီတခဏ ဆူညံပွက်လောရိုက်နေတဲ့ ကစားကွင်းတစ်ခုလုံး ငြိမ်ကျသွားပြီး
ပရိသတ်တွေက Paoloရဲ့ ဂိုးအသွင်းကို ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့ကြတယ်။
ဂိုးပေါက်နဲ့ ၁၂ မီတာ အကွာအဝေးလောက်မှာသာ ရှိတဲ့ Paoloက ဘာအင်အားမှ
သုံးစရာမလိုဘဲ ဘောလုံးကို ဂိုးတည့်တည့် ခြေဖျားလေးနဲ့
လှိမ့်သွင်းလိုက်ရုံနဲ့တင် ၂း၁ ဂိုးနဲ့ သူတို့အသင်း West Hamရဲ့ ရမှတ်က ၃
မှတ်တိုးသွားနိုင်တယ်။ Evertonက နှစ်ပွဲဆက်တိုက် ရှုံးနေပြီသား..
ဒီတစ်ပွဲနဲ့ဆို ၃ပွဲဆက်တိုက် ရှုံးမဲ့အနေအထားမှာ ရှိနေခဲ့တယ်။
ပရိသတ် သောင်းပေါင်းများစွာ ကြည့်ရှုနေတဲ့.... တီဗွီရှေ့က ပရိသတ်တွေကိုပါ
ထည့်တွက်ရင် သန်းပေါင်းများစွာ ကြည့်နေတဲ့ ဒီပွဲမှာ West Ham ရဲ့
ဘောလုံးသမား Paolo Di Canio က ဂိုးကို မသွင်းခဲ့ပါဘူး။ ဘောလုံးကို
ကောက်ယူပြီး သူ့ရင်ခွင်ထဲ ထည့်ပိုက်ထားခဲ့ပါတယ်။
လက်ခုပ်သံတွေ ... မိုးခြိမ်းတဲ့အလား ဟိန်းထွက်လာတဲ့ လက်ခုပ်သံတွေ၊
ရေလှိုင်းတွေလို့ ရိုက်ခတ်မြည်ဟီးသွားတဲ့ လက်ခုပ်သံတွေ...
အဲဒီလက်ခုပ်သံတွေက ဂိုးသွင်းဖို့ လက်လွတ်လိုက်တဲ့ Paolo Di Canio
အတွက်ပဲဖြစ်တယ်။ ဒါမှမဟုတ် Paolo Di Canio ရဲ့ မြင့်မြတ်တဲ့
အားကစားစိတ်ဓာတ် .. ငြိမ်းချမ်းခြင်း၊ အဆွေခင်ပွန်း ပီသခြင်း၊ မျှတခြင်း၊
ကျန်းမာခြင်း စတဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုတဲ့ လက်ခုပ်သံပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် စစ်ဖြစ်ပွါးနေတဲ့အချိန် မနက်ခင်းတစ်ခုမှာ စစ်သားတစ်ယောက်
လက်ထဲမှာသေနတ်နဲ့ ရန်သူဖက်ကို ဦးတည်ပြီး မြေပြင်ပေါ်မှာ ဝပ်နေခဲ့တယ်။
အဲဒီအချိန်မှာ တစ်ဖက်က စစ်သားတစ်ယောက် စစ်မြေပြင်ဖက် ထွက်လာတာကို
သူလှမ်းမြင်လိုက်တယ်။ ရန်သူကိုပစ်ဖို့ သူချိန်ရွယ်လိုက်တယ်။ အဲဒီတခဏ
ရန်သူက ဘောင်းဘီချွတ်ပြီး အပေါ့သွားနေတာကို သူတွေ့လိုက်တယ်။ ရန်သူမှာ
သေနတ်ပါမနေခဲ့ဘူး။ ပစ်ဖို့ချိန်ရွယ်ထားတဲ့ လက်ညှိုးကို သူဖယ်လိုက်ပြီး
"သေနတ်မပါဘဲ အပေါ့သွားနေတဲ့ ရန်သူကို ငါ မပစ်သင့်ဘူး။ ဒါဟာ မတရားဘူး"
လို့ သူတွေးလိုက်တယ်။
စစ်သားနဲ့ ဘောလုံးသမား Paolo Di Canio ရဲ့ အဖြစ်က ခပ်ဆင်ဆင်လို့
ပြောနိုင်ပါတယ်။ သူတို့ရဲ့ အပြုအမှုကိုကြည့်ပြီး ဒါဟာ ကြင်နာတယ်၊
ရိုးသားတယ် ဆိုတာထက် တရားတယ်၊ မျှတတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
ရိုးသားကြင်နာခြင်းက လူတစ်ယောက်အတွက် အရေးပါ အဖိုးတန်တဲ့အရာဆိုရင်
တရားမျှတခြင်းက ဒီလောကအတွက် ပိုမြင့်မြတ်၊ ပိုလိုအပ်ပါတယ်။ အများအားဖြင့်
လူတွေမှာ ရိုးသားကြင်နာမှုတွေ စာနာထောက်ထားမှုတွေ မကင်းမဲ့ခဲ့ပေမယ့်
တရားမျှတမှု ကင်းမဲ့ခဲ့ကြတယ်။
ဖြောင့်မတ်ခြင်းက နားဝင်ချိုတဲ့ သီချင်းတစ်ပုဒ်နဲ့တူတယ်။
တရားမျှတသူတွေအတွက် စိတ်ချမ်းသာမှုကို သယ်ဆောင်ပေးနိုင်သတဲ့....
Friday, August 14, 2009
Subscribe to:
Post Comments (Atom)
ashinsaccanyanablogspot
Followers
Blog Archive
-
▼
2009
(110)
-
▼
August
(65)
- အနှစ်ကိုးပါး(အပိုင်း-၈)
- အနှစ်ကိုးပါး(အပိုင်း-၇)
- ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
- ဖြစ်နိုင်? မဖြစ်နိုင်?
- နီးပါလျက်နဲ့ မဝေးစေလို…
- အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
- ဒီလိုဆက်ဆံကြည့်ပါ…
- ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…
- နို့ဘိုးကျေရုံမကပါ...
- လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလ...
- စေတီတန်ခိုးပြခြင်း ပြဿနာ…
- မြတ်ဗုဒ္ဓ…
- ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
- ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…
- စိတ်အားဖြည့် စကားစုလေးများ… (၁)
- သံသရာ မရှည်ပါစေနှင့်
- တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...
- သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
- လောကဓံဟူသည်
- အနိုင်အရှုံး...
- ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..
- ကံသုံးပါးလုံသည်ဆိုရာဝယ်...
- အတွင်းရန်သူ…
- တံခါးများလုံပါစေ…
- အနှစ်ရှိသော ကြီးရင့်ခြင်း…
- သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်...
- အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…
- အနှစ်ကိုးပါး (အပိုင်း-၆)
- အနှစ်ကိုးပါး (အပိုင်-၅)
- သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…
- သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…
- သိအောင်လုပ်ပါ…
- ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး…
- အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..
- ဗောဓိပက္ခိယ…
- ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ
- ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း
- သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်
- ကိုယ်ကျင့်တရား ဟူသည်မှာ...
- အကောင်းဆုံးသောည
- အနှစ်ကိုးပါး(အပိုင်း-၄)
- အနှစ်ကိုးပါးတရားတော် အပိုင်း ၃
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)
- 'ညီလေး အတွက် ဖတ်စာ
- သာသနာ ၂၅၀၀ အကျဉ်း
- မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟေ...
- အတွေးပါသော စာစုလေးများ
- အသိပေးစာစုလေးများ
- ပိုလာဝက်ဝံရဲ့ ပုံပြင်
- ဝေဒနာနဲ့ ဗုဒ္ဓဓမ္မ
- မျက်ကန်းခန္ဓာများ
- ပါရမီ၁၀ပါး အပြား၃၀
- စိတ်
- သရဏဂုံ ညှိုးနွမ်းမှု
- လင်းဦး(စိတ်ပညာ) ၏ ဆောင်းပါးလေးပါ
- ထေရ၀ါဒသို့ ဦးခိုက်ခြင်း
- ဘုရားရှင်၏ အံ့ဘွယ်(၁၈)ပါး
- စိတ်အာဟာရ
- ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင...
- အမေသို့
- No title
- ဗုဒ္ဓတရားတော်သည် လူသားတို့၏ တိုးတက်ရေးကို မတားဆီးပါ
- Mahabodhi Pagoda from Bodhagaya, India
- No title
-
▼
August
(65)
No comments:
Post a Comment