လောကမှာ ပုထုဇဉ်လူသားအားလုံးရဲ့ ပြုမူပြောဆိုနေထိုင်မှုတွေဟာ ခံစားမှုလို့ခေါ်တဲ့ ဝေဒနာတွေအတွက်ပဲ ဦးတည်နေကြတယ်..။ ဝေဒနာကို ပထမဦးစားပေးနေရာမှာထားကြတယ်။
ဝေဒနာဆိုတာကလည်း ကာမဂုဏ်အာရုံ ၅ ပါးကရတော့ အဆင်းလှလှ၊ အသံချိုချို၊ အနံ့မွှေးမွှေး၊ အရသာရှိရှိ၊ အထိအတွေ့ကောင်းကောင်းဆိုရင် တကောက်ကောက်လိုက်ချင်ကြတယ်။ အဲလိုလိုက်ကြရင်းနဲ့ လိုချင်တာတွေရသွားလို့ တဒင်္ဂဆန္ဒပြည့်သွားကြ သူများလည်း ရှိရဲ့။ မရလို့ သောကပူဆွေးသူများလည်းရှိရဲ့။ ရသူများ ရှိတဲ့ဟာလေး ဆုံးရှုံးလို့ ပူဆွေးသူများလည်းရှိလေရဲ့။
(သူများတွေနဲ့ တိုက်ဆိုင်လာရင်လည်း ကောင်းတဲ့ဝေဒနာလေးရရေး ဆိုးတဲ့ဝေဒနာ ပပျောက်ရေးအတွက် စိတ်ခုမှု၊ စကားများမှု၊ ကိုယ်ထိလက်ရောက်ဖြစ်မှုကစလို့ စစ်မက်ဖြစ်တဲ့အထိတောင်ပဲ။ (၁)
ဒီလိုပဲ ဝေဒနာကိုဦးတည်လို့ အနာဂတ်မျှော်လင့်ချက်ထားကာ သူတပါးအပေါ် အနစ်နာခံ ဆောင်ရွက်ပေးမှုတွေလည်း ပေါ်လာခဲ့တယ်။ (၂) )
ဒီလိုဆိုတော့ တချို့ အတွေးကောင်းသူတွေ တွေးလာကြတယ်။ ငါတို့ ပူဆွေးနေရတာဟာ ကာမဂုဏ်ကြောင့်။ ပူဆွေးမှုကြောင့်လွတ်ချင်ရင် ကာမဂုဏ်ဖြတ်နိုင်ရင်ကောင်းမှာပဲ။ အေးချမ်းမှာပဲ။ ကိုယ်ချမ်းသာတာက အဓိကမဟုတ်ဘူး။ စိတ်ချမ်းသာ၊ စိတ်အေးချမ်းမြေ့ဖို့က အရေးအကြီးဆုံးပဲ။ အဲလို ကာမဂုဏ်တွေကို ကြောက်လာကြတယ်။ တကယ်ကသူတို့ကြောက်တာ ပူဆွေးရတဲ့ ဝေဒနာတွေကိုပါ။
အဲဒီ့တော့ ကာမဂုဏ်တွေ အစိမ်းဖြတ် ဖြတ်လိုက်တယ်။ အဆင်းလည်းမကြည့်၊ အသံလည်းမနားထောင် ... စသည်ဖြင့်။ သို့သော်လည်း အထာမကျသေးတော့ တောင့်တပါလေရော။ တောင့်တတော့ စိတ်ကဆင်းရဲရတယ်။ အဲဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ ဝေဒနာကိုမကြိုက်ပြန်ရော။ တောက်လျောက်ဝေဒနာဦးစားပေးလာတာ အခုထိပဲ။ ဆိုတော့ စိတ်ဘာကြောင့်ဆင်းရဲရသလဲ။ အရင်ခံစားဖူးတာတွေကို တွေးပြီးတောင့်တလို့ပေါ့..။ ဟောအဖြေတွေ့ပြီ၊ အတွေးတွေအကုန်ဖြတ်။ တံခါးပိတ် ဂျိတ်ပေါ့။
နေပါဦးအတွေးတွေကိုပိတ်တော့ စိတ်ဘယ်နားထားရမလဲ။ လူဆိုတဲ့သတ္တ၀ါကလည်း တီထွင်ကြံဆမှုကတော်သကိုး။ ဆိုတော့ စိတ်ထားဖို့နေရာရှာကြရာက မြေကသိုဏ်း၊ မီးကသိုဏ်း၊ ရေကသိုဏ်း ကစလို့ အာနာပါန (ထွက်လေ၀င်လေ) ကိုပဲစိတ်ထားတဲ့ နည်းတွေပေါ်လာရော။ မတွေးဘဲစိတ်ကို ရုပ်အာရုံတစ်ခုပေါ်မှာထားရတာ တယ်ဇိမ်ရှိသကိုး။ ကာမဂုဏ်တွေကို သတိမရတော့ မမက်တော့ဘူး။ မမက်တော့ မပူဆွေးဘဲ အေးငြိမ်းလိုက်တာ။ (၃)
အဲလိုနဲ့ ရုပ်ပေါ်မှာစိတ်ထားရာကနေ ရုပ်တွေကမတည်ငြိမ်ပါလား။ စိတ်ကလေးကလည်း ယောက်ယက်ခတ်နေပါလား။ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေပါလား။ ဘာမှမတည်မြဲပါလား ဆိုတဲ့ဒဿနပေါက်ပြီး ရုပ်တရားတွေကို မကြိုက်ချင်ချင်ဖြစ်လာရော။ မကြိုက်တော့ ရုပ်မရှိတဲ့နေရာသဘော ရုပ်မဲ့သဘောကို စိတ်သွင်းတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင်း အာရုံတွေအားလုံးနဲ့ အဆက်ပြတ်ပြီး အင်မတန်စိတ်အေးချမ်းတဲ့ ဝေဒနာအားဖြင့်အရမ်းကောင်းတဲ့ (ရုပ်မဲ့သဘော) သုညသဘောအာရုံကြီးမှာ စိတ်ထားတတ်သွားရော။ အဆင်းလှလှ၊ အသံချိုချိုထက် အစပေါင်းများစွာ အရသာရှိတဲ့ ဝေဒနာကြီးပါကလား ဆိုပြီး သုညဝေဒနာကြီးကိုစွဲလန်းပြန်ရော...။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် မသိတော့ဘူး။ တစ်ကိုယ်တော်လေး ငြိမ့်နေတော့တာပါပဲ..။ (၄)
အပေါ်ကလူတွေအားလုံးက ဝေဒနာ နံပါတ် ၁ ဦးစားပေးသမားတွေချည့်ပဲ။ ဝေဒနာဟာ သူတို့ဘ၀မှာအရေးအကြီးဆုံ နံပါတ် ၁ နေရာမှာချည်းပဲ။ ဝေဒနာကို ချစ်ကြ ကြောက်ကြသူတွေချည့်ပဲ..။ ဒီလိုနဲ့ပဲ ဘီစီ ၆ ရာစုလောက်မှာ ဂေါတမဗုဒ္ဓဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့တယ်။
ဗုဒ္ဓဟာ ကာမဂုဏ်တွေကို လိုက်စားတာကိုလည်း ကာမသုခလ’ိကာနုယောဂဆိုပြီး အစွန်းငြိတယ်လို့ ပြောတယ်။ ကာမဂုဏ်တွေကို အကြောက်လွန်ပြီး စိတ်ထိန်းချုပ်ရှောင်ပြေးတာကိုလည်း အတ္တကိလမထာနုယောဂ နောက်တစ်စွန်းဆိုပြီး မလုပ်သင့်ကြောင်းပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာကို သူက နံပါတ် ၁ နေရာမှာ မထားလို့ပဲ..။
ဗုဒ္ဓက ဝေဒနာကို မချစ်မကြောက်တဲ့ သူရဲကောင်းပေပဲ။ ဝေဒနာကို နှစ်သက်စရာလို့ မမြင်သလို ကြောက်စရာမုန်းစရာလို့လည်း မမြင်တဲ့ အလယ်လမ်းသဘောကို အတွေးအခေါ်တော်လှန်ရေးတစ်ရပ် ဆင်နွှဲပြီး ချပြခဲ့တယ်။ ဝေဒနာကို နံပါတ် ၁ ဦးစားမပေးတဲ့အတွက်ကြောင့် ကာမဂုဏ်တွေမှာလည်း ကောက်ကောက်ပါအောင်မလိုက်ဘူး၊ အကြောက်လွန်ပြီးတော့လည်း ရှောင်မပြေးဘူး။
ဒါဆိုဘုရားရှင်ဘာကို နံပါတ် ၁ ဦးစားပေးသလဲ။
လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ ရည်ရွယ်ချက်မှားနဲ့ စေတနာမှားနဲ့ လုပ်တဲ့လုပ်ရပ်တွေကို ဒုက္ခတွေလို့ ချပြခဲ့တယ်။ ဘယ်လိုရည်ရွယ်ချက်မှားသလဲဆိုတာကတော့ မလုပ်သင့်တဲ့အရာကို ဝေဒနာဦးစားပေးပြီးလုပ်ကြတဲ့ အပေါ်က လုပ်ရပ်တွေကို ဒုက္ခတွေလို့ မြင်ပြီး အဲဒီ့ကလွတ်အောင် လေ့ကျင့်ဖို့ကို နံပါတ် ၁ ထားခဲ့တယ်။ ခေတ်စကားနဲ့ပြောရရင် လုပ်ချင်တာတွေထက် လုပ်သင့်တာတွေကိုဦးစားပေးတာပဲ။
အဲလိုဦးစားပေးတတ်အောင် ရှိသင့်တဲ့ အမြင် အတွေး (၅) တွေကိုလည်း ချပြခဲ့တယ်။ (ပညာ)
အဲလိုဦးစားပေးတတ်အောင် လုပ်သင့်တဲ့ အပြော အပြု အနေ (၆) တွေကိုလည်း ချပြခဲ့တယ်။ (သီလ)
အဲလိုဦးစားပေးတတ်အောင် ထားရှိသင့်တဲ့ ကြိုးစား နိုးကြား စိတ်ထားမှု (၇) တွေကိုလည်း ချပြခဲ့တယ်။ (သမာဓိ)
အဲလိုလေ့ကျင့်မှုတွေကို ထပ်ကာထပ်ကာ ပွားများသွားရင်းနဲ့ နောက်ဆုံး -
အဆုံးစွန်သော ဗုဒ္ဓအလိုကျတဲ့ ပုံစံကတော့ မိမိရဲ့ လုပ်သမျှသော (ကိုယ် နှုတ် စိတ်) အားလုံးဟာ လုပ်ချင်လို့မဟုတ်ဘဲ လုပ်သင့်လို့ချည့်လုပ်တယ်ဆိုတဲ့ဟာပဲ ကျန်တော့တဲ့ ပုံစံမျိုးရယ်လို့ပဲ ဖြစ်ပါတော့တယ်..။
ဝေါဟာရစာညွှန်း -
(၁) ကာမအကုသိုလ်
(၂) ကာမကုသိုလ်
(၃) ရူပကုသိုလ်
(၄) အရူပကုသိုလ်
(၅) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
(၆) သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ
(၇) သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ
Tuesday, August 18, 2009
Subscribe to:
Post Comments (Atom)
ashinsaccanyanablogspot
Followers
Blog Archive
-
▼
2009
(110)
-
▼
August
(65)
- အနှစ်ကိုးပါး(အပိုင်း-၈)
- အနှစ်ကိုးပါး(အပိုင်း-၇)
- ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
- ဖြစ်နိုင်? မဖြစ်နိုင်?
- နီးပါလျက်နဲ့ မဝေးစေလို…
- အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
- ဒီလိုဆက်ဆံကြည့်ပါ…
- ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…
- နို့ဘိုးကျေရုံမကပါ...
- လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလ...
- စေတီတန်ခိုးပြခြင်း ပြဿနာ…
- မြတ်ဗုဒ္ဓ…
- ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
- ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…
- စိတ်အားဖြည့် စကားစုလေးများ… (၁)
- သံသရာ မရှည်ပါစေနှင့်
- တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...
- သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
- လောကဓံဟူသည်
- အနိုင်အရှုံး...
- ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..
- ကံသုံးပါးလုံသည်ဆိုရာဝယ်...
- အတွင်းရန်သူ…
- တံခါးများလုံပါစေ…
- အနှစ်ရှိသော ကြီးရင့်ခြင်း…
- သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်...
- အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…
- အနှစ်ကိုးပါး (အပိုင်း-၆)
- အနှစ်ကိုးပါး (အပိုင်-၅)
- သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…
- သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…
- သိအောင်လုပ်ပါ…
- ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး…
- အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..
- ဗောဓိပက္ခိယ…
- ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ
- ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း
- သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်
- ကိုယ်ကျင့်တရား ဟူသည်မှာ...
- အကောင်းဆုံးသောည
- အနှစ်ကိုးပါး(အပိုင်း-၄)
- အနှစ်ကိုးပါးတရားတော် အပိုင်း ၃
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)
- 'ညီလေး အတွက် ဖတ်စာ
- သာသနာ ၂၅၀၀ အကျဉ်း
- မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟေ...
- အတွေးပါသော စာစုလေးများ
- အသိပေးစာစုလေးများ
- ပိုလာဝက်ဝံရဲ့ ပုံပြင်
- ဝေဒနာနဲ့ ဗုဒ္ဓဓမ္မ
- မျက်ကန်းခန္ဓာများ
- ပါရမီ၁၀ပါး အပြား၃၀
- စိတ်
- သရဏဂုံ ညှိုးနွမ်းမှု
- လင်းဦး(စိတ်ပညာ) ၏ ဆောင်းပါးလေးပါ
- ထေရ၀ါဒသို့ ဦးခိုက်ခြင်း
- ဘုရားရှင်၏ အံ့ဘွယ်(၁၈)ပါး
- စိတ်အာဟာရ
- ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင...
- အမေသို့
- No title
- ဗုဒ္ဓတရားတော်သည် လူသားတို့၏ တိုးတက်ရေးကို မတားဆီးပါ
- Mahabodhi Pagoda from Bodhagaya, India
- No title
-
▼
August
(65)
No comments:
Post a Comment