သီဟိုဠ်နိုင်ငံ ပညာရေးစနစ်
ကောလိပ်သုံးခုကို ဘုန်းကြီးရောက်ခဲ့တယ်။ ထို ကောလိပ်တွေမှာ အုပ်ချုပ်တဲ့ ဆရာတော်တွေ အတွင်းရေးမှူး တွေ တွေ့ဆုံပြီးတော့ မေးမြန်းကြည့်တယ်။ အဲဒီက ပြဋ္ဌာန်းတဲ့ကျမ်းစာတွေ အကုန်လုံး ဘုန်းကြီးတို့ယူလာခဲ့ပါ တယ်။မြန်မာပြည်က ပညာရေးစနစ် ဆောင်ရွက်တော်မူကြ တဲ့ ဆရာတော်သံဃာေ တ်ာများကိုပြဖို့ သာသနာ ရေးဌာန တင်ပြဖို့ ဆိုပြီးတော့ ယူခဲ့တယ်။ ဘာတွေသင်ကြားသလဲဆိုတော့ အကြမ်းအားဖြင့် အင်္ဂလိပ်စာကို နံပါတ်(၁)အနေနဲ့ ထားတယ်။ အဲဒီနောက် နားမှာ ဟိန္ဒူဘာသာနဲ့ သက္ကတဘာသာ။ နောက်ပြီးတော့မှ နိုင်ငံ ရေး သိပ္ပံတို့ ရာဇဝင်တို့ဆိုတာ အဲဒီနောက်နားကရှိတယ်။ ပြီးတော့မှ ပါဠိဘာသာဆိုတာ ရှိတယ်။ပိဋကတ်သုံးပုံကို ဘယ်လိုလုပ် သင်သလဲဆိုတော့ သုတ္တန်တခုစီ တခုစီ ရွေးထုတ်ပြီးတော့ ကောက်နုတ်ချက်လောက်ပဲ သင်တယ်။
ဥပမာ- ဒီဃနိကာယ်ထဲက ''မဟာသတိပဋ္ဌာန်'' သုတ်ကို နုတ်လိုက်မယ်။ မဇ္ဈိမနိကာယ်ထဲက ''သဗ္ဗာသဝ သုတ်'' တခုလောက် ထုတ်လိုက်မယ်။ သံယုတ္တနိကာယ်ထဲက ''အာသီဝီသောပမာသုတ်''စသည် ထုတ်လိုက် မယ်။ အဲဒီလို ထုတ်နုတ်ပြီး သုတ္တန်ကောက်နုတ်ချက်လောက်ပဲ သူတို့က သင်ကြတယ်။ ပါဠိဘာသာကို လဲ ဘာသာရပ်အနေနဲ့သာ သင်ကြ တယ်ဆိုတော့ သူတို့ရဲ့ ပညာသင်ကြားရေးစနစ်မှာ ပိဋ ကတ်သုံးပုံဟာ နောက်တန်းက ဖြစ်နေတယ်။ အနှစ်အသား ပါတဲ့ သင်ကြားတဲ့စနစ်မျိုး မဟုတ်ကြဘူး။ အဲဒါကို ဘုန်းကြီး တို့ တွေ့ရတယ်။ အဲဒီလို တွေ့လိုက်ရတော့ ဘုန်းကြီးတို့ ပြောဖို့ အခွင့်အလမ်း ရသွားတယ်။ ''အရှင်ဘုရားတို့ ပညာ သင် ကြားရေး စနစ်က ကမ္ဘာလှည့်ဖို့ကို ဦးတည်ပြီးတော့ ခေတ် ပညာကို ရှေ့တန်းတင်ထားတယ်၊ ပိဋကတ်စာပေကိုတော့ နောက်တန်းမှာ ထားတယ်။ အဲဒါ သီဟိုဠ်နိုင်ငံပညာရေး စနစ်ရဲ့ အားနည်းချက်ပါပဲ''။
မြန်မာနိုင်ငံ ပညာရေးစနစ်
''တပည့်တော်တို့ မြန်မာပြည် သံဃာတော်များ ပညာသင်ကြားရေး စနစ်ကတော့ ဘုရားသားတော်ပီပီ ဘုရားဟောတဲ့ပိဋကတ်သုံးပုံကိုပဲ ဇောက်ချပြီးတော့ သင် ကြရပါတယ်ဘုရား''လို့ ဘုန်းကြီးက ပြောလိုက်တယ်။
''ဘုရားသားတော်ပီပီ''ဆိုတဲ့ စကားလေး ကိုယ်က ထည့်သုံးလိုက်တယ်။ အဲဒါနိုင်အောင် ပြောတာပဲ။
ဒီတော့ သူတို့က ခေတ်ပညာကို ဦးစားပေးသင် တော့ ဘုရားသားတော် မပီသလိုလို ဒီလိုဖြစ်သွားတယ်။ သီဟိုဠ်ဘုန်းကြီး ချက်ချင်း နားလည်တယ်။ သူ့မျက်နှာ ပျက်သွားတယ်။
''ဘုရားသားတော်ပီပီ ပိဋကတ်သုံးပုံကို တပည့် တော်တို့က ဦးစားပေးသင့်ပါတယ်ဘုရား''။
ဒါဖြင့် ပိဋကတ်သုံးပုံ ဘယ့်နှယ်သင်တုန်းဆိုတော့ မြန်မာပြည်က ''ပထမပြန်စနစ်'' ''ဓမ္မာစရိယစနစ်'' ''တိ ပိဋက'' စာမေးပွဲကြီးတွေအကြောင်း၊ ''နိကာယ်'' စာမေး ပွဲကြီးတွေ အကြောင်း ဘုန်းကြီးက အကျယ် ပြောပြတော့ မျက်လုံးပြူး ပြီးတော့ နားထောင်ကြတယ်။
''ပိဋကတ်သုံးပုံကို အဲဒီလောက် သင်ရင် အရှင် ဘုရားတို့ တိုင်းပြည်မှာ ပိဋကတ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ရှိသလား''။
''ရှိပါသော်ကော ဘုရား၊ ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ် ဘယ်နှစ်ပါး ရှိတယ်။ နှစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ် လောက်ရှိတယ်။ တစ်ပုံဆောင်ပုဂ္ဂိုလ် ဘယ်လောက်ရှိတယ်'' ဆိုပြီး စာရင်းနဲ့ ဘုန်းကြီးက ချပြီးတော့ အကုန်ပြောပြ လိုက်တယ်။
''အဲဒါတွေဟာ ရှေးတုန်းက ရှိတာလား၊ အခုရှိ တာလား''တဲ့။ မယုံနိုင်ဘူး၊ သူတို့က။
''အရှင်ဘုရားတို့ လေယာဉ်ပျံ၊ လက်မှတ်သာ ပို့ လိုက်ပါ။ အဲဒီပိဋကတ်သုံးပုံဆောင် ကိုယ်တော်တွေကို တပည့်တော် သီဟိုဠ်ကို အခုပင့်ပေးပါမယ်''လို့ ပြောလိုက် တယ်။
''ရှေးတုန်းကရှိတာလား၊ အခုရှိတာလား''ဆိုတော့ သူတို့က ပိဋကတ် သုံးပုံဆောင်ဆိုတာကို တခါတည်း မယုံ နိုင်လောက်အောင် ဖြစ်နေကြတယ်။ သူတို့မှာ အံ့သြစရာ ဖြစ်နေတယ်။
အမှန်တကယ်က မြန်မာနိုင်ငံမှာ ပိဋကတ်စာပေ တစ်ခုတည်းသာ မဟုတ်ပဲ ဘာသန္တရစာပေနှင့် ရောပြီး သင်ပေးနေပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံမှန်သမျှ ပိဋကတ်စာပေကို ရှေး တန်း၊ ဘာသန္တရ လောကီစာပေကို နောက်တန်းမှာ ထားပြီး သင်ကြားသင့်ပါတယ်။ ဒီစနစ်ဟာ အကောင်းဆုံးစနစ် ပါပဲ။
B.A. M.A, Ph.D မရရင် သာသနာပြုလို့ ဖြစ်ပါ့မလား
သီဟိုဠ်တိုင်းပြည်သံဃာတော်များရဲ့ ပရိယတ္တိ အရည်အချင်းဟာ ဘယ်လိုအခြေအနေ ရောက်သွားပြီ ဆိုတာကို ဘုန်းကြီးတို့ ပရိသတ် သဘောပေါက်လောက် ပါပြီ။
သူတို့ဆီမှာတော့ B.A M.A. Ph.D ဘွဲ့တွေ ချိတ်ပြီးတော့ ဂုဏ်ယူနေကြတယ်။ အရည်အချင်းထက် ဘွဲ့ ဒီဂရီတွေကို ဦးစားပေးနေကြတယ်။
သူတို့က ဘာပြောတုန်း ဆိုတော့ ''အရှင်ဘုရားတို့ ပိဋကတ်သုံးပုံကိုသာ သင်ယူပြီး လောကီစာပေတွေကို မသင်ဘူးဆိုရင် (ဒါမှမဟုတ်) B.A M.A. Ph.D ဘွဲ့တွေ မရဘူးဆိုရင် ကမ္ဘာလှည့်ပြီးတော့ သာသနာပြုဖို့ ကိုယ်တော် တို့ ဘယ်လို လုပ်မလဲ''တဲ့။
''အင်္ဂလန်တို့,အမေရိကတို့,ဥရောပတို့ သြစတေ လျတို့ သွားပြီး သာသနာပြုကြဖို့ ဖြစ်ပါ့မလား''လို့ သူတို့က ပြောကြတယ်။
ဒီတော့ ဘုန်းကြီးက သူတို့ကို အခုလို ပြောလိုက် တယ်။ ''တတိယသင်္ဂါယနာတင်ပွဲကြီး အပြီး သာသနာ သက္ကရာဇ် ၂၃၆-ခုနှစ်က သီရိဓမ္မာသောကမင်း တရားကြီး က ၉-တိုင်း၊ ၉-ဌာနကို သာသနာပြုလွှတ်တယ်''။
''အဲဒီ၉-တိုင်း ၉-ဌာန သာသနာပြုလွှတ်တော့ ဟောဒီ အရှေ့ဘက် သုဝဏ္ဏဘုမ္မိဆိုတဲ့ (မလေး, ဆူမတ္တရာ, ဂျားဗားနဲ့ ယိုးဒယား, မြန်မာ) ဒီအရပ်ဒေသကို သောဏ, ဥတ္တရမထေရ်ကြီး နှစ်ပါးကြွတယ်ဘုရား''။
''ဒီမထေရ်ကြီးနှစ်ပါးခေါင်းဆောင်တဲ့ သာသနာပြု အဖွဲ့ကြီးတွေ ကြွတယ်။ အရှင်ဘုရားတို့ သီဟိုဠ်ကျွန်းကို တော့ အရှင်မဟိန္ဒထေရ်နှင့် သင်္ဃမိတ္တာ ရဟန္တာထေရီမတို့ ကြွတော်မူကြတယ်။ အခြားတိုင်းပြည်တွေလဲ သူ့အစီအစဉ် နဲ့သူြ<ွကတော်မူကြပါတယ်''။
''ထိုကဲ့သို့ ၉-တိုင်း ၉-ဌာနသာသနာပြုလွှတ်တဲ့ အခါတုန်းက ထိုမထေရ်သူမြတ်တို့ဟာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ပါဘူး''။
အပိုင်း (၄)မျှော်
Saturday, August 22, 2009
Subscribe to:
Post Comments (Atom)
ashinsaccanyanablogspot
Followers
Blog Archive
-
▼
2009
(110)
-
▼
August
(65)
- အနှစ်ကိုးပါး(အပိုင်း-၈)
- အနှစ်ကိုးပါး(အပိုင်း-၇)
- ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
- ဖြစ်နိုင်? မဖြစ်နိုင်?
- နီးပါလျက်နဲ့ မဝေးစေလို…
- အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
- ဒီလိုဆက်ဆံကြည့်ပါ…
- ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…
- နို့ဘိုးကျေရုံမကပါ...
- လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလ...
- စေတီတန်ခိုးပြခြင်း ပြဿနာ…
- မြတ်ဗုဒ္ဓ…
- ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
- ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…
- စိတ်အားဖြည့် စကားစုလေးများ… (၁)
- သံသရာ မရှည်ပါစေနှင့်
- တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...
- သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
- လောကဓံဟူသည်
- အနိုင်အရှုံး...
- ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..
- ကံသုံးပါးလုံသည်ဆိုရာဝယ်...
- အတွင်းရန်သူ…
- တံခါးများလုံပါစေ…
- အနှစ်ရှိသော ကြီးရင့်ခြင်း…
- သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်...
- အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…
- အနှစ်ကိုးပါး (အပိုင်း-၆)
- အနှစ်ကိုးပါး (အပိုင်-၅)
- သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…
- သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…
- သိအောင်လုပ်ပါ…
- ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး…
- အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..
- ဗောဓိပက္ခိယ…
- ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ
- ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း
- သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်
- ကိုယ်ကျင့်တရား ဟူသည်မှာ...
- အကောင်းဆုံးသောည
- အနှစ်ကိုးပါး(အပိုင်း-၄)
- အနှစ်ကိုးပါးတရားတော် အပိုင်း ၃
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)
- 'ညီလေး အတွက် ဖတ်စာ
- သာသနာ ၂၅၀၀ အကျဉ်း
- မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟေ...
- အတွေးပါသော စာစုလေးများ
- အသိပေးစာစုလေးများ
- ပိုလာဝက်ဝံရဲ့ ပုံပြင်
- ဝေဒနာနဲ့ ဗုဒ္ဓဓမ္မ
- မျက်ကန်းခန္ဓာများ
- ပါရမီ၁၀ပါး အပြား၃၀
- စိတ်
- သရဏဂုံ ညှိုးနွမ်းမှု
- လင်းဦး(စိတ်ပညာ) ၏ ဆောင်းပါးလေးပါ
- ထေရ၀ါဒသို့ ဦးခိုက်ခြင်း
- ဘုရားရှင်၏ အံ့ဘွယ်(၁၈)ပါး
- စိတ်အာဟာရ
- ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင...
- အမေသို့
- No title
- ဗုဒ္ဓတရားတော်သည် လူသားတို့၏ တိုးတက်ရေးကို မတားဆီးပါ
- Mahabodhi Pagoda from Bodhagaya, India
- No title
-
▼
August
(65)
No comments:
Post a Comment