သီဟိုဠ်နိုင်ငံ ရောက်ခဲ့စဉ်က
ဘုန်းကြီးတို့ကတော့ ရောက်တဲ့နေရာမှာ ကိုယ့် ဟာကိုယ် ယုတ္တိရှာပြီးတော့ အကုန်လုံး နိုင်အောင်ချည်း ပြောခဲ့တာပဲ။ ဘယ်ဘက်ကမှ အရှုံးမပေးခဲ့ဘူး။ သီဟိုဠ်ရောက်လည်း သီဟိုဠ်ဘုန်းကြီးတွေနဲ့ ဒီလို ငြင်းတဲ့ အခါ ဒီလိုပဲ အနိုင်ချည်းကျဲတာပဲ။ သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။ သီဟိုဠ်မှာ ဘုန်းကြီးတို့တရားပွဲ (၅)ပွဲ ဟော တယ်။ (သီရိလင်္ကာမှာ)။ တရားပွဲတွေ အကုန်လုံးမှာ ဘုန်းကြီးက ဗမာလိုချည်းပဲဟောတယ်။ သီဟိုဠ် ဘာသာ ကောင်းကောင်း ပြန်ပေးမဲ့ ဗမာစကား ကောင်းကောင်းတတ်တဲ့ သီဟိုဠ် ဆရာတော်နှစ်ပါး ဘုန်းကြီး တို့ရဲ့ မိတ်ဆွေ ဟိုမှာ ရှိတယ်။ အဲဒီ ဆရာတော်နှစ်ပါးလဲ အလဲအလှည်နှင့် လိုက်ပြီးတော့ ဘာသာ ပြန်ပေး တယ်။
အလွတ်သဘောအနေနဲ့ ထိုင်ပြီးတော့ တစ် ယောက်နှင့် တစ်ယောက် ဆွေးနွေးတဲ့အခါမှာတော့ ပါဠိလို ပြောပါတယ်။ အင်္ဂလိပ်လိုလဲပြောပါတယ်။ တရားပွဲဟော ကြစို့ ဆိုရင်တော့ ဘုန်းကြီးက ''ကိုယ်တော်တို့ ဘာသာပြန် ပေး'' ဆိုပြီး မြန်မာလိုချည်း ဟောပါတယ်။ အင်္ဂလိပ်လို ဟောပြန်တော့လဲ သီဟိုဠ်ဘာသာနဲ့ ထပ်ပြန်ရသေးတာပဲ မထူးဘူး။
အင်္ဂလိပ်လိုပြောလဲ အင်္ဂလိပ်လိုမတတ်တဲ့ လူတွေ က အများကြီးတက်လာတာဆိုတော့ သီဟိုဠ်ဘာသာနဲ့ ပြန် ဟောပေးရသေးတယ်။ အဲဒီတော့ မထူးပါဘူး။ ကိုယ်ကလဲ အင်္ဂလိပ်လိုဟော။ မြန်မာပြည်မှာတစ်ခါမှမဟောဖူး တဲ့ အင်္ဂလိပ်ဘာသာကို ဟိုကျမှ သွားဟောတော့ မနည်းကြီး ကြိုးစားပြီးတော့ ဟောရတာ။ အဲဒီလို မနည်း ကြိုးစားပြီး ဟောရတဲ့ အင်္ဂလိပ် ဘာသာကို သီဟိုဠ်ဘာသာနဲ့ တခါထပ်ပြီး ပြန်ဟောတော့ ပြီးရော။ မပြည့်စုံ တဲ့အပေါ်မှာ မပြည့်စုံတဲ့ဘာသာပြန် ဖြစ် နေမှာ။ ဒါကြောင့် ''မြန်မာလိုဟောတာပဲ ကောင်းတယ်'' ဆိုပြီးတော့ သဘောကျလို့ ဘာသာပြန်ဆရာတော်နဲ့ ဘုန်း ကြီးတို့ တိုင်ပင်ပြီးတော့ ဟောကြရတာ။
အင်္ဂလိပ်စာတတ် ဗမာဘုန်းကြီးတွေ နည်းပါး
တရားပွဲပြီးသွားတော့ ဒကာကြီး တစ်ယောက်နဲ့ သီဟိုဠ်ဆရာတော်တစ်ပါးက ဘုန်းကြီးတို့အနား ချည်းကပ် လာပြီးတော့ 'အရှင်ဘုရားတို့ မြန်မာနိုင်ငံက တိုင်းတစ်ပါး ထွက်ထွက်လာကြတဲ့ ဆရာတော်တွေဟာ အင်္ဂလိပ် စာတတ် အလွန်နည်းတယ်၊ အင်္ဂလိပ်လို အဟောအပြောလဲ အလွန် နည်းတယ်၊ အဲဒါဘာဖြစ်လို့လဲ''လို့ မေးပါ တယ်။ အဲဒီလိုမေးတော့ ဘုန်းကြီးက ပြန်ပြီးတော့ မေး လိုက်ပါတယ်။ ''အရှင်ဘုရားတို့ သီဟိုဠ်ဆရာတော်တွေ အင်္ဂလိပ်စာတော်တော်တတ်ကြတယ်။ M.A တွေလဲ အများကြီးပဲ၊ Ph.D တွေလဲ အများကြီးပဲ၊ ကိုယ်တော်တို့ အင်္ဂလိပ်စာ ဘာကြောင့် တတ်ကြတာတုန်း''လို့ ဘုန်းကြီး ကလဲ ပြန်မေးလိုက်တယ်။ ကိုယ့်အဖြေတော့ မပေး သေးဘူး။ သူတို့ကို ပြန်မေးတယ်။ စကားပြောယင် အဲဒါကိုတော့ တတ်ထားရတယ်။ သူတို့ကိုပြန်မေး လိုက်တော့မှ ကိုယ်ကဖြေဖို့ လမ်းစဟာ ပိုပြီးတော့ကောင်းသွားတယ်။ ဒီတော့ သူတို့က ပြောတယ်။
''တပည့်တော်တို့ အင်္ဂလိပ်စာ တတ်တာကတော့ တပည့်တော်တို့ တိုင်းပြည်မှာ သံဃာတော်တွေ ပညာသင် ကြားတဲ့ကျောင်းတွေမှာ သံဃာတော်များ အုပ်ချုပ်တဲ့ ကောလိပ်တွေ တပည့်တော်တို့ဖွင့်ထားတယ်။ ထိုကောလိပ် တွေကနေ ပြီးတော့ အောင်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ အစိုးရ ရဲ့ တက္ကသိုလ်မှာ သွားပြီးတော့ ပညာသင်ခွင့်ရတယ်''။''သံဃာတော်များ ဖွင့်လှစ်အုပ်ချုပ်တဲ့ ကောလိပ် ရယ်၊ အစိုးရဖွင့်ထားတဲ့ တက္ကသိုလ် ရယ်၊ ထိုကောလိပ်၊ တက္ကသိုလ် နှစ်ခုမှာ တက်ရောက်ပညာသင်ကြားပြီးတဲ့ သံဃာတော်တွေဟာ အနည်းဆုံး M.A အောင်ကြပြီဆိုလို့ ရှိယင် အင်္ဂလိပ်လို ကောင်းစွာ ရေးတတ် ပြောတတ်တယ်။ M.A တို့ Ph.D တို့ဆိုယင် တော့ ပြောစရာမရှိဘူး။ ကမ္ဘာ လှည့်ပြီးတော့ သာသနာပြုတဲ့အထိပါပဲ၊ ပညာသင်ကြား ရေးစနစ်က အဲဒီလို ရှိပါတယ်ဘုရား။'' ဒါဖြင့်ရင် အဲဒီပညာသင်ကြားရေး စနစ်မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းတဲ့ကျမ်းစာတွေကို ပြောပြစမ်းပါ ဆိုတော့ ပြဋ္ဌာန်းတာတွေကို ပြောပြတယ်။
ဆက်လက်ဖော်ပြသွားပါမည်
Saturday, August 22, 2009
Subscribe to:
Post Comments (Atom)
ashinsaccanyanablogspot
Followers
Blog Archive
-
▼
2009
(110)
-
▼
August
(65)
- အနှစ်ကိုးပါး(အပိုင်း-၈)
- အနှစ်ကိုးပါး(အပိုင်း-၇)
- ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
- ဖြစ်နိုင်? မဖြစ်နိုင်?
- နီးပါလျက်နဲ့ မဝေးစေလို…
- အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
- ဒီလိုဆက်ဆံကြည့်ပါ…
- ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…
- နို့ဘိုးကျေရုံမကပါ...
- လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလ...
- စေတီတန်ခိုးပြခြင်း ပြဿနာ…
- မြတ်ဗုဒ္ဓ…
- ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
- ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…
- စိတ်အားဖြည့် စကားစုလေးများ… (၁)
- သံသရာ မရှည်ပါစေနှင့်
- တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...
- သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
- လောကဓံဟူသည်
- အနိုင်အရှုံး...
- ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..
- ကံသုံးပါးလုံသည်ဆိုရာဝယ်...
- အတွင်းရန်သူ…
- တံခါးများလုံပါစေ…
- အနှစ်ရှိသော ကြီးရင့်ခြင်း…
- သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်...
- အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…
- အနှစ်ကိုးပါး (အပိုင်း-၆)
- အနှစ်ကိုးပါး (အပိုင်-၅)
- သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…
- သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…
- သိအောင်လုပ်ပါ…
- ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး…
- အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..
- ဗောဓိပက္ခိယ…
- ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ
- ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း
- သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်
- ကိုယ်ကျင့်တရား ဟူသည်မှာ...
- အကောင်းဆုံးသောည
- အနှစ်ကိုးပါး(အပိုင်း-၄)
- အနှစ်ကိုးပါးတရားတော် အပိုင်း ၃
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)
- 'ညီလေး အတွက် ဖတ်စာ
- သာသနာ ၂၅၀၀ အကျဉ်း
- မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟေ...
- အတွေးပါသော စာစုလေးများ
- အသိပေးစာစုလေးများ
- ပိုလာဝက်ဝံရဲ့ ပုံပြင်
- ဝေဒနာနဲ့ ဗုဒ္ဓဓမ္မ
- မျက်ကန်းခန္ဓာများ
- ပါရမီ၁၀ပါး အပြား၃၀
- စိတ်
- သရဏဂုံ ညှိုးနွမ်းမှု
- လင်းဦး(စိတ်ပညာ) ၏ ဆောင်းပါးလေးပါ
- ထေရ၀ါဒသို့ ဦးခိုက်ခြင်း
- ဘုရားရှင်၏ အံ့ဘွယ်(၁၈)ပါး
- စိတ်အာဟာရ
- ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင...
- အမေသို့
- No title
- ဗုဒ္ဓတရားတော်သည် လူသားတို့၏ တိုးတက်ရေးကို မတားဆီးပါ
- Mahabodhi Pagoda from Bodhagaya, India
- No title
-
▼
August
(65)
No comments:
Post a Comment