အရည်အချင်းရှိဖို့က ပဓာန
''ဒါကြောင့် ကမ္ဘာလှည့် သာသနာပြုတဲ့ အခါမှာ အရည်အချင်းရှိဖို့က အရေးကြီးပါတယ်။ တပည့်တော်တို့ မြန်မာပြည်ကနေ ဒီကနေ့ ကမ္ဘာလှည့် သာသနာပြု အလွန် တရာထင်ရှား ကျော်ကြား တော်မူတဲ့ တောင်ပုလု ဆရာတော်ဘုရားကြီးဆိုတာ အမေရိကန်တခွင်မှာ သာသနာ လှည့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တက္ကသိုလ်ကမှ ဘွဲ့ မရခဲ့ ပါဘူး၊ အမေရိကန်ပြည်မှာ တောင်ပုလုဆရာတော်ကြီးရဲ့ 'ကမ္မဌာန်းရိပ်သာကြီး'ဟာ ဒီကနေ့ အထင်အရှား ရှိနေ ပါပြီ''။
''မဟာစည်ဆရာတော် ဘုရားကြီးတို့ဆိုတာလဲ ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ပါဘူး၊ ဒါပေမယ့် မဟာစည် သာသနာ့ရိပ်သာ ဆိုတာ ကမ္ဘာမှာ နေရာတိုင်းမှာ ရှိနေပါ တယ် ဘုရား''။
''အရှင်ဘုရားတို့ သီဟိုဠ်ဘုန်းကြီးတွေ ဒေါက် တာဘွဲ့ တွေအများကြီးရပြီးတော့ ကမ္ဘာမှာ ကမ္မဋ္ဌာန်းရိပ် သာ ဘယ်နှစ်ခု ဖွင့်နိုင်တုန်းပြောစမ်းပါ။ တခုမှ မရှိဘူး''။
ဘုန်းကြီးကို သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။ ဘုန်းကြီးနိုင်တာပဲ မဟုတ်လား။ အဲဒီလို နိုင်အောင် ပြော ရတယ်။ ဘုန်းကြီးက ဆက်ပြောလိုက်တယ်။
''အရှင်ဘုရားတို့ နိုင်ငံမှာ ဒေါက်တာဘွဲ့ရ ဆရာ တော်တွေ အများကြီးရှိတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သီဟိုဠ်ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ အင်္ဂလန်မှာ ရှိ တယ်။ အမေရိကန်မှာ ရှိတယ်။ ဂျပန်မှာလဲရှိတယ်။ စင်္ကာပူ မှာလဲရှိတယ်။ မလေးရှားမှာလဲရှိတယ်။ အိန္ဒိယတခွင်လဲ သီဟိုဠ်ကျောင်းတွေ အများကြီးပဲ''။
''အဲဒီလောက် သာသနာပြုတွေထွက်ပြီးတော့ ကမ္မဋ္ဌာန်းဌာန ဘယ်နှစ်ခု ဖွင့်ပြီးပြီလဲ။ အင်္ဂလန်နဲ့ အမေရိ ကန်မှာဆိုတော့ မဖွင့်ရသေးပါဘူးတဲ့။ ကျောင်းတိုက် တစ် ခု အနေနဲ့ တည်ပြီးတော့ တရားသာ ဟောနေတာ၊ ကမ္မ ဋ္ဌာန်း ဌာနရိပ်သာတော့ မရှိသေးပါဘူး''။
''တပည့်တော်တို့ မြန်မာပြည်မှာ ဥရောပကရော၊ အမေရိကန်ကရော၊ အင်္ဂလန်ကရော လာပြီးတော့ ကမ္မ ဋ္ဌာန်း အားထုတ်ကြပါတယ်ဘုရား၊ ရိပ်သာတွေ အပြည့်အဝ ရှိပါတယ်။ ဒီကကြွပီးတော့လဲပဲ ဆရာတော်တွေ ကမ္ဘာ အရပ်ရပ်မှာ ကမ္မဋ္ဌာန်းတရားတွေပြလို့ ကမ္မဋ္ဌာန်း ရိပ်သာ တွေ ဖွင့်ထားပါတယ်ဘုရား''။
''ဒါကြောင့် အရှင်ဘုရားတို့ B.A, M.A, Ph.D ဘွဲ့တွေရမှ သာသနာပြုနိုင်မယ်ဆိုတာ မျိုးတော့ မပြောပါ နဲ့''လို့ ဘုန်းကြီးက ပြောလိုက်တယ်။ ဒီတော့ သူတို့က ''ဘွဲ့တွေရမှ သာသနာပြုဖြစ် လိမ့်မယ် ဆိုတာတော့ မပြောပါဘူးဘုရား။ ဒါပေမဲ့ တခု တော့ မေးဦးမယ်။ အရှင်ဘုရား မဖြေသေးဘူးတဲ့။ ဗမာ ဘုန်းကြီးတွေ ဘာ့ကြောင့် အင်္ဂလိပ်စာတတ် နည်းရသလဲ'' လို့ မေးတယ်။
ဘုန်းကြီးကလဲ ''တတ်သလောက် ပြောပါရစေ''လို့ ရိုးရိုးသားသားလေး ဝန်ခံပြီး ပြောလိုက်ပါတယ်။
''ပိဋကတ်စာကိုသာ သင်ပြီး အင်္ဂလိပ်စာကို လုံးဝ မသင်ကြလို့ ဗမာဘုန်းကြီးတွေ အင်္ဂလိပ်စာ မတတ်ကြ တာ၊ အရှင်ဘုရားတို့ သီဟိုဠ်ကျွန်းဟာ ကိုလိုနီဖြစ်တာ ဘယ်လောက် ကြာလဲ''။''အနှစ် ၄ဝဝ- ကြာပါတယ်ဘုရား''။
''တပည့်တော်တို့ မြန်မာပြည်ဟာ အင်္ဂလိပ်လက် အောက် ရောက်ရတယ်ဆိုတာ မှန်ပါတယ်။ နှစ်ပေါင်း ၆ဝ-ပဲ ကိုလိုနီဖြစ်ခဲ့တာ။ ဒါပေမဲ့ နှစ် ၆ဝ-လုံးလုံး ကျေကျေ နပ်နပ်နဲ့ လက်ခံနေတာ မဟုတ်ဘူး။ အဲဒီအင်္ဂလိပ်တွေကို ဘာသာစကားရော, လူမျိုးတွေကိုရော, အုပ်ချုပ်ပုံတွေကို ရော တခုမှ မကျေနပ်ပဲနဲ့ နှစ်ပေါင်း ၆ဝ-လုံးလုံး တို့က တော်လှန်နေတာ''။ ပြီးတော့ ဘုန်းကြီးက ဆက်ပြောလိုက် သေးတယ်။
''မင်းတို့ကတော့ အဲဒီအင်္ဂလိပ်တွေကို ထိပ်ပေါ်မှာ ဘုရားလို ကိုးကွယ်ပြီးတော့ နေကြတာ၊ ဟုတ်တယ်မို့လား၊ သီဟိုဠ်ကျွန်းကို ဗြိတိသျှဘုရင်မ အလည်လာတယ်ဆိုရင် သီဟိုဠ်တစ်ပြည်လုံးက ကြိုလိုက်ကြတာ။ လက်အုပ် ချီပြီးတော့ ကြိုကြတယ်။ our qeen, our queen 'ငါတို့ရဲ့ ဘုရင်မ၊ ငါတို့ရဲ့ဘုရင်မ' ဆိုပြီးတော့ လက်အုပ်ချီပြီးကြိုကြ တယ်။ ဒါကို ကြည့်ရင် သိသာတယ်။ တော်တော်တော့ ကျွန်စိတ် မကုန်သေးတဲ့ လူတွေပဲဆိုတာ''။
''တို့က လက်အောက်ခံ နေခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်စိတ် မရှိဘူး။ ဒီတော့ အင်္ဂလိပ်စာကိုလည်း ကောင်းကောင်း မသင်တော့ဘူး။ မဖြစ်လို့သာ သူတို့ရဲ့ အုပ်ချုပ်မှုကို ခံနေရတာ၊ ဒါကြောင့် ဗမာဘုန်းကြီးတွေ အင်္ဂလိပ်စာ မတတ်ကြတာ၊ မင်းတို့ကတော့ ကျွန်သက်ရှည် တော့ အင်္ဂလိပ်စာ တတ်တာပေါ့''လို့ ပြောပစ်ခဲ့တယ်။
ဒီတော့ ပြောမယ် ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် နိုင် အောင် ကြံပြီးတော့ ပြောရတယ်။ ကိုယ့်ဘက်က ယုတ္တိကို သေသေချာချာ ရှာပြီးတော့ နိုင်အောင် ပြောရတယ်။ ဘုန်းကြီးတော့ ဘယ်မှာမှ မရှုံးခဲ့ဘူး။ အနိုင်ချည်းပဲ။
အပိုင်း (၅)ဆက်လက်ဖော်ပြပါမည်။
Saturday, August 22, 2009
Subscribe to:
Post Comments (Atom)
ashinsaccanyanablogspot
Followers
Blog Archive
-
▼
2009
(110)
-
▼
August
(65)
- အနှစ်ကိုးပါး(အပိုင်း-၈)
- အနှစ်ကိုးပါး(အပိုင်း-၇)
- ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
- ဖြစ်နိုင်? မဖြစ်နိုင်?
- နီးပါလျက်နဲ့ မဝေးစေလို…
- အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…
- ဒီလိုဆက်ဆံကြည့်ပါ…
- ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…
- နို့ဘိုးကျေရုံမကပါ...
- လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလ...
- စေတီတန်ခိုးပြခြင်း ပြဿနာ…
- မြတ်ဗုဒ္ဓ…
- ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
- ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…
- စိတ်အားဖြည့် စကားစုလေးများ… (၁)
- သံသရာ မရှည်ပါစေနှင့်
- တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...
- သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
- လောကဓံဟူသည်
- အနိုင်အရှုံး...
- ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..
- ကံသုံးပါးလုံသည်ဆိုရာဝယ်...
- အတွင်းရန်သူ…
- တံခါးများလုံပါစေ…
- အနှစ်ရှိသော ကြီးရင့်ခြင်း…
- သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်...
- အာဇီဝဋ္ဌမကသီလနှင့် စပ်လျဉ်း၍…
- အနှစ်ကိုးပါး (အပိုင်း-၆)
- အနှစ်ကိုးပါး (အပိုင်-၅)
- သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…
- သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…
- သိအောင်လုပ်ပါ…
- ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး…
- အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..
- ဗောဓိပက္ခိယ…
- ဘ၀ပေါင်းများစွာက မိဘဆရာ ဆွေမျိုး မိတ်သင်္ဂဟများ
- ကံ မြောက်ခြင်း မမြောက်ခြင်းနှင့် ကံ ပြတ်ခြင်း
- သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်
- ကိုယ်ကျင့်တရား ဟူသည်မှာ...
- အကောင်းဆုံးသောည
- အနှစ်ကိုးပါး(အပိုင်း-၄)
- အနှစ်ကိုးပါးတရားတော် အပိုင်း ၃
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၂)
- အနှစ်ကိုးပါးတရားတော် (အပိုင်း-၁)
- 'ညီလေး အတွက် ဖတ်စာ
- သာသနာ ၂၅၀၀ အကျဉ်း
- မြင်းမိုရ်တောင်၊ကျွန်းကြီးလေးကျွန်း နှင့် ဗုဒ္ဓ၏ ဟေ...
- အတွေးပါသော စာစုလေးများ
- အသိပေးစာစုလေးများ
- ပိုလာဝက်ဝံရဲ့ ပုံပြင်
- ဝေဒနာနဲ့ ဗုဒ္ဓဓမ္မ
- မျက်ကန်းခန္ဓာများ
- ပါရမီ၁၀ပါး အပြား၃၀
- စိတ်
- သရဏဂုံ ညှိုးနွမ်းမှု
- လင်းဦး(စိတ်ပညာ) ၏ ဆောင်းပါးလေးပါ
- ထေရ၀ါဒသို့ ဦးခိုက်ခြင်း
- ဘုရားရှင်၏ အံ့ဘွယ်(၁၈)ပါး
- စိတ်အာဟာရ
- ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင...
- အမေသို့
- No title
- ဗုဒ္ဓတရားတော်သည် လူသားတို့၏ တိုးတက်ရေးကို မတားဆီးပါ
- Mahabodhi Pagoda from Bodhagaya, India
- No title
-
▼
August
(65)
No comments:
Post a Comment