Wednesday, August 12, 2009

အမေသို့

တချိနိက
ကြည်လဲ့ရွှန်းမြ မျက်ဝန်းတစုံ
နဖူးပေါ် မေးလေးဖွဖွတင်လို့
သီချင်းသံညှင်း သွဲ့သွဲ့ငြီးဆို
ထွေးပိုက်ထားတဲ့ အမေ့ရင်ခွင်မှာ
နှစ်ခြိုက်စွာ အိပ်မောကျခဲ့...
တချိန်က လယ်တောပြန်အမေ
စားဝတ်နေရေး မြစ်ကြီးခြားလို့
တနေ့တာလွမ်းရသမျှ
အတိုးချ ကရုဏာနို့ချို
ချွေးစို့ပေမဲ့
ချိုခဲ့တယ်အမေ..
တချိန်က
ပရိယေသန ချွေးစက်တို့ရှိန်းမြနေတဲ့
အမေ့ကိုယ်သင်းနဲ့
ခုထိရှုရှိုက်မိဆဲ
လတ်လတ်ဆတ်ဆတ်မွှေးမြဆဲပါ..
တချိန်က
မြို့ပြပညာသင်ခရီးဆိုပြီး
လောကုတ္တရာမှီးသွားတဲ့သားလေ
လယ်ကွင်းရိုးပြတ်တွေကြားမှာ
မျက်ရည်မှုံဝါး
အမေ့ကိုချန်ထားခဲ့မိပေါ့
တချိန်က အမေ
ကမ္ဘာတည်သရွေ့အမေပေါ့.
စိန္တေရှင့်တရား သတင်းစကားတွေနဲ့
ကမ္ဘာတိုင်အောင်ချဉ်းမဲ့သားပေါ့လို့
ဂုဏ်ယူရတဲ့ အပျော်ထက်
ရင်ခွင်ဆီ မဆိုက်ကပ်နိုင်တဲ့သားကို
မရောက်တာကြာပေါ့လို့
မျှော်ရတဲ့အမော
ဘယ်အရာက စီးစီးပိုးပိုးရှိခဲ့လေမလဲ
ဇရာမြူတွေမှိုင်းနေတဲ့
အမေ့မျက်ဝန်း ဓာတ်မခွဲရက်
မေတ္တာနဲ့သာ နီးကြပါစို့ အမေ။။။။
အဝေးရောက် သားရဟန်း

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive