Sunday, August 16, 2009

သရဏဂုံ ညှိုးနွမ်းမှု

ဗုဒ္ဓဘာသာ အများစု ထင်နေတဲ့ ဘာသာခြားကို ရှိခိုးလျှင် သရဏဂုံ ပျက်တယ် တိတ္ထိကို မရှိခိုးရဘူး စသဖြင့် ထင်နေတဲ့ အမှားလေးကို သိစေချင်လို့ ရေးသားဖော်ပြခြင်းပါ ။တကယ်တော့ ဘာသာခြားဖြစ်ဖြစ် ၊ တိတ္ထိဖြစ်ဖြစ် မိမိအပေါ်မှာ ကျေးဇူး ရှိဖူးရင် ရှိခိုးထိုက် ပါတယ် ။ သရဏဂုံယူပြီး ၊ ရပြီး ၊ တည်ပြီးသော အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး ၊ ဥပါသကာ ၊ ဥပါသိကာမ တို့သည် ကျေးဇူးရှင် ဖြစ်ဖူးသော ဘာသာခြားတို့အား ရှိခိုး (ဂါရ၀ပြု)သော်လည်း သရဏဂုံ ညှိုးနွမ်းမှု ၊ ပျက်ယွင်းမှု မရှိကြောင်းကို သီလက္ခန္ဓ၀ဂ္ဂ ၊ ဒီဃနိကာယ် ၊ သာမည ဖလသုတ် ၊ အဌကထာ စာမျက်နှာ ၂၀၇ တွင် ပါရှိသည် ။ ဤတွင် ဧ၀ံ ဂတိတသရဏဿ စဥ သကဿဝါ ဥပါသိကာယ၀ါ အညတိတ္ထိယေသု ၊ပဗ္ဗဇိတမ္ပိဥာတိ ဥာတကောမေ အယန္တိ၀န္ဒတော ။ သောဟိ ရဌပူဇိ တတ္တာ အ၀န္ဒီယမာနော အနတ္တမ္ပိ ကရေယျာတိ ။ တထာ ယံကိဉ္စိ သိပ္ပံ သိက္ခာပကံ တိတ္ထိ ယမ္ပိ အာစရိ ယော မေအယန္တိ ၀န္ဒတောပိ နဘိဇ္ဇတိ ဟူ၍ ဖော်ပြထားသည် ။
အကျဉ်းချုပ် မြန်မာပြန်ရလျှင် သရဏဂုံ ယူပြီးသော ဥပါသကာ ၊ ဥပါသိကာမတို့သည် တိတ္ထိတို့ထံ၌ ရဟန်းပြုပြိးသော ဆွေမျိုးကို ဆွေမျိုး အမှတ်ဖြင့် ရှိခိုး(ဂါရ၀) ပြုသော်လည်း သရဏဂုံ မပျက်ပါ ။ တိတ္ထိ ရဟန်းမဟုတ်သော လူကို ရှိခိုးလျှင် ပို၍ မပျက်ပါ ။ မင်းကိုကြောက်၍ သော်လည်းကောင်း ၊ ရှိမခိုးလျှင် အကျိုးမဲ့ပြုမည်ကို ကြောက်၍သော် လည်းကောင်း ရှိခိုးသော်လည်း သရဏဂုံ မပျက်ပါ ။ အတက်သင်ပေးသော ကျေးဇူးရှိသော တိတ္ထိအယူမှားရှိသူတို့ကို ဆရာဟူသော အမှတ် ၊ ကျေးဇူးရှင်ဟူသော အမှတ်ဖြင့် ရှိခိုး (ဂါရ၀) ပြုသော်လည်း သရဏဂုံ မပျက်ကြောင်းကို ရေးသားတင်ပြလိုက်ပါတယ် ။

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive