Saturday, August 22, 2009

သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်

သတိမမူ ဂူမမြင်၊ သတိမူမှ မြူကိုမြင်

၁။ လောက၌ အချိုမြိန်ဆုံး အရာသည် (သစ္စာ)
၂။ လောက၌ အမှန်ဆုံး တရားသည် (သစ္စာ)
၃။ လောက၌ အထက်မြက်ဆုံးသည် (သစ္စာ)
ထို့ကြောင့်။ ၀သုန္ဒရေ။ ဤမြေသော်လည်း စောင့်စည်းမုသား ကျင့်သောအားဖြင့် စကားသစ္စာ၊ မှန်သောခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏။ အကြင်သောအခါ ဤသစ္စာကို အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စဉ်းလဲစကား၊ မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား တစ်ကျွန်းတရံ၊ တစ်နိုင်ငံ၌၊ အသံမုသား၊ပြက်စကားကို၊ မကြားစလို၊ အောင်လိမ့် ဆိုသို့၊ ပေါ်စိုရသာ၊ မြေသြဇာလျက်၊ တစ်ထွာတစ်တောင်၊ လက်ခုပ်ခေါင်လျှင်၊ နတ်ချောင်ငုတ်နစ်၊ အောက်လျှိုး ဖြစ်၍ ခါးခြစ်ဆေးဝါး၊ လူတို့စားလည်း၊ နာဖျားမလွတ်၊ ဥပ္ပဒ္ဒဝေါ၊ ဘေးကျမ်းပြော၏။ သဘောတရား၊ စကားသစ္စာ၊
မှန်သောခါနှင့် ယွင်းရာမမှား၊ ဤနှစ်ပါးကို နှုန်းထား ထွေဆောင်၊ ရှာတုံရှောင်လည်း၊ အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား၊လူစီးပွားကိုအမြားအမြောင်၊ကြီးကျယ်ဆောင်သည် ကုန်အောင်မြေနှင့် တရှိတည်းဟူ၍၊ ပါရမီတော်ခန်းပျို့၌ရှင်မဟာသီလ၀ံသ ရေးသားစပ်ဆိုလင်္ကာသီကုံးဖွဲ့ခဲ့ပါသည်။

ထို့ကြောင့် (၁) ဇနီးမောင်နှံ အကြင်လင်မယား အပြန်အလှန် သစ္စာ ရှိရ မည်။
(၂) အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် သစ္စာရှိရမည်။
(၃) ဆရာနှင့် တပည့် အပြန်အလှန် သစ္စာရှိရမည်။
(၄) လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပြန်အလှန် သစ္စာရှိရမည်။
(၅) လူကြီးနှင့်လူငယ် ထိုနည်းတူ သစ္စာရှိရမည်။
(၆) ရှေ့သွားခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား အပြန် အလှန်သစ္စာရှိရမည်။
(၇) ကိုယ့်အလုပ်ကို သစ္စာရှိရမည်။
(၈) ကိုယ့်တာဝန်ကို ကျေပွန်စွာ သစ္စာရှိရမည်။
(၉) ကိုယ့်ကိုယ်ကို သစ္စာရှိရမည်။
(၁၀) တိုင်းပြည်အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံသူ လူအများလည်း အပြန်အလှန်သစ္စာရှိရမည်။

သစ္စာတရားသည်သာ အချိုမြိန်ဆုံးသော အရသာဟု အနှိုင်းမဲ့ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီးကလည်း
ဟောတော်မူခဲ့သည်။

က္ကုဓလောက၊ ဤကမ္ဘာလောကကြီးထဲ၌ သစ္စာသမော၊ သစ္စာနှင့်တူ သော အ, ၀ိသယောနာမ၊ အရာမည်သည်၊ နတ္ထိ၊ မရှိ ဤကဲ့သို့ ဒေသနာ၌ အသေအချာ မိန့်ဆိုထားသောကြောင့် လူသားအားလုံး
အပြန်အလှန် ကိုယ်စီကိုယ်ငှ၊ သစ္စာရှိကြမည်ဆိုပါလျှင်(၀ါ) အဟုတ်တကယ်တန်း သစ္စာရှိသော ကြွယ်ဝမည်မှာ မြေကြီးလက်ခတ်မလွဲပါပေတည်း။
မ,ကာရလောပ အကျော် ကဗျာလင်္ကာ အရာတွင် အမော်ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးကလည်း
မဃဒေ၀လင်္ကာသစ်၌ ရေးသား သီကုံးဖွဲ့ဆိုခဲ့သည်မှာ
မင်းမှာ သစ္စာ၊ လူမှာကတိ၊ ဆိုရိုးယှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး၊ သစ္စာနှင့်ကြုံ၊ ရေစီးတုံဟု၊ လူပုံဆိုမှု၊
ဥဒါန်းပြုရှင့်၊ အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှာကား သစ္စ၀ါစာ၊ လေးဆုံးသာတည့်၊ သစ္စာဘောက်လှန်
မတော် မှန်က ၊ ဘေးဒဏ်ရောက်ကာ၊ ပျက်တတ်စွာ၏။ သစ္စာနှုတ်သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏။ ရှေးကဖြစ်ဟန် လောင်းသုဝဏ်ကို ငြိုးမာန်တစိ၊
ရန်စယှိသို့၊ ပီဠိယက္ခ၊ ဗာရာ့ သခင် လေးကြီးငင်၍ နင်သို့ ယောက်ျား ဘယ်သူ့သားနည်း၊ သိကြားတမုံ့ ဖြစ်သော်တုံ့မှ၊ လွတ်ပုံ့ အရေး ယှိလတ်သေးဟု၊ မနှေးလျှင်ဟူး၊ မြားဆိပ် လူးဖြင့်၊ ရွှေဒူးယာဘက်၊ မြေထက် အားထုတ်၊ ချောင်းကာထုတ်၍ ရွယ်ဖြုတ်ချိန်ကာ၊ ပစ်သော့ခါနှိုက်၊ သစ္စာဆိုသီး၊ သေတပြီးလျှက်၊ ရှင်ကြီး ရှင်ပြန်၊နတ်မတန်တည့်၊ ပြင်းထန်ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍ မြေ၀ယ်၊ သူငယ်ဝင်းဝင်း၊
သေတုံလျှင်းလည်း၊ မှန်ခြင်း အရာ၊ မိမာတာတို့၊ သစ္စာဆိုကြ၊ ငုတ်ငုတ်ထ၏။ ထိုမှ တသွယ်၊ တောမြိုင် လယ်တွင် ငုံးငယ်မီးရှောင်၊ ပင်လယ် ခေါင်ဝယ်၊ ရေဆောင်နစ်မျော၊ဒရဟောဖြင့် ၊ သဘောင်္ဝဲစုတ် ဗလ၀ါမုခ်မှ ၊ ဆယ်ထုတ်ဘေးကင်း၊ ငါးမင်းရာဇာ၊ နွေလခါနှိုက်၊ သစ္စာ မှန်တိုင်း ရွတ်ဆိုခိုင်းက၊ဗျိုင်းအောက် တို့ဘိုး၊ ခါမဲ့မိုးလျှင်၊ ကြိုး၍ ရွာချ၊ ဤသို့စသား၊ များလှ ၀တ္ထု၊ အစုစုကို ရွှေဥသည်းအူ မှတ်နည်းယူလော့။

သစ္စာမေတ္တာ ဆရာတော်

No comments:

Post a Comment

ashinsaccanyanablogspot

Followers

Blog Archive